Main menu

ဘိလပ်မြေဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

     မိတ္ထီလာမြို့ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်းတစ်မျိုးဖြစ်သည့် အပါချီဘိလပ်မြေကို သာစည်မြို့နယ် ပြည်ညောင်ရှိ ရွှေတောင်ဘိလပ်မြေစက်ရုံ၊ အယ်ဖာနှင့်ကြံ့နှစ်ကောင် ဘိလပ်မြေကို ကျောက်ဆည်မြို့ရှိ ဘိလပ်မြေစက်ရုံများမှ တိုက်ရိုက်မှာယူရောင်းချကြောင်း၊ အချို့မှာ ရွှေမေတ္တာ ကုမ္ပဏီမှ မှာယူရောင်းချကြောင်း သိရှိရပါသည်။ မေလတတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၉၂၀၀) ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၈၀၀) ကျပ်၊ အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် (၈၈၀၀) ကျပ် ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ယခင်ဧပြီလ တတိယပတ်အတွင်း၌ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၁၂၀၀၀ ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် ၁၁၅၀၀ ကျပ်၊ အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် ၁၁၀၀၀ကျပ် ဖြစ်၍ ယခင်လနှင့် ယခုကာလတူနှိုင်းယှဉ်လျှင် ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၂၈၀၀ ကျပ်၊ အပါချီဘိလပ်မြေတစ်အိတ်လျှင် ၂၂၀၀ ကျပ်၊အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် ၂၂၀၀ကျပ် အသီးသီး ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်း ကျဆင်းလာရသည့်အကြောင်းရင်းမှာ ကုန်ကြမ်း၊ ကုန်သယ်ယူစရိတ်များ အနည်းငယ်ကျဆင်းလာခြင်းဖြစ်ကြောင်း ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(မန္တလေး)