Main menu

မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည်ဒိုင်၌ မေလ ၊ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်းလျှင် (၉၈၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၆၅၀-၂၇၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၁၅၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၈၅၀) ကျပ်ဖြင့် ရောင်းဝယ်ဖြစ်လျက်ရှိပြီး၊ ဧပြီလ ၊ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်း များမှာ  နှမ်း (ညို) တစ်တင်းလျှင် (၉၅၀၀၀-၉၆၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၆၅၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၁၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၈၅၀) ကျပ်ဖြင့် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ယခုလကာလ တူနှိုင်းယှဉ်လျှင် ဆီထွက် သီးနှံဈေးနှုန်းမြှင့်တက်လျက်ရှိပြီး၊ ကုန်ချောဈေးနှုန်းများ တည်ငြိမ်လျက်ရှိပါသည်။

      ယခုမေလ တတိယပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းတွင် ကုလားပဲ (V2) တစ်တင်းလျှင် (၈၂၀၀၀) ကျပ်၊ ပဲစဉ်းငုံ (သစ်) တစ်တင်း လျှင် (၁၃၀၀၀၀)ကျပ်၊ ထောဖြူ (သစ်) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ 929 တစ်တင်လျှင် (၈၀၀၀၀) ကျပ် စျေးရောင်းဝယ်လျက်ရှိပြီး၊ ယခင်ဧပြီ တတိယပတ်အတွင်း ကုလားပဲ (V2) တစ်တင်းလျှင် (၇၈၀၀၀-၈၀၀၀၀) ကျပ်၊ ပဲစဉ်းငုံ (သစ်) တစ်တင်း လျှင် (၁၂၃၀၀၀)ကျပ်၊ ထောဖြူ (သစ်) တစ်တင်းလျှင် (၈၅၀၀၀-၉၀၀၀၀) ကျပ်စျေးရှိခဲ့ရာ ယခင်လနှင့်ယခုလကာလတူနှိုင်းယှဉ်လျှင် ကုလားပဲဈေးနှုန်း ဒေသတွင်း သုံးစွဲမှုများလာခြင်းကြောင့် ကုလားပဲ (V2)စျေးမှာ တစ်တင်းလျှင် (၂၀၀၀) ကျပ် ခန့်မြှင့်တက်ခဲ့ပြီး၊ ပဲစဉ်းငုံ ရာသီချိန်ဖြစ်သော်လည်း ပြည်ပလိုအပ်ချက်များရှိသဖြင့် ပဲစဉ်းငုံ တစ်တင်းလျှင် (၇၀၀၀) ကျပ်ခန့် စျေးနှုန်း မြှင့်တက် လာကြောင်း သိရှိရပါသည်။

    ယခုမေလတတိယပတ်အတွင်း ဝါတစ်ပိဿာလျှင် (၂၇၀၀-၂၈၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၉၀၀-၂၀၀၀) ကျပ်၊ မကျည်းတောင့် တစ် ပိဿာလျှင် (၂၄၅၀) ကျပ်၊ ယခင်ဧပြီတတိယပတ်အတွင်း ငရုတ်သီး(သစ်) တစ်ပိဿာလျှင် (၈၀၀၀-၉၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀) ကျပ်၊ မကျည်းတောင့် တစ်ပိဿာလျှင် (၂၆၀၀-၂၇၀၀) ကျပ်ရှိပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ဈေးနှုန်းများမှာ ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)