Main menu

ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင်အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ မေလတတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင်(၈၈၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း)(10:10:5) (50)kg တစ်အိတ်လျှင်(၈၂၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း) (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၃၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၂၀၀၀)ကျပ်နှင့် ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၃၀၀၀)ကျပ်၊ မိုရယ်လ်မုန်း(၅၀၀)စီစီတစ်ဘူးလျှင် (၂၉၀၀၀)ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၆၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြှင့်တက်လာကြောင်း  စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)