Main menu

ကန့်ဘလူခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး၊ဆန်ဈေးနှုန်းများ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင်၌ ၂၀၂၄ခုနှစ်၊ မေလတတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ်၄၀၀၀၀၀၀၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ်၂၆၅၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်း၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ်၁၃၇၀၀၀၊ ဧရာမင်း၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင်စပါး၊ဆန်ဈေးနှုန်းမှာအနည်းငယ်မြင့်တက်လာကြောင်း အခြားတိုင်းဒေသကြီးများသို့ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ဆန်အိတ်ရေ၁၃၀၀အိတ်နှင့် ရန်ကုန်တိုင်းဒေသကြီးသို့အိတ်ရေ ၇၀၀စုစုပေါင်း ၂၀၀၀အိတ် တန်အားဖြင့် ၁၀၀တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)