![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/29_7.jpg?itok=-st6Q-_B)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲယင်းနီ၊ ပဲယင်းဝါများ၊ ပဲနီ၊ ပဲထောပတ်နှင့် အခြားပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မေလ(ဒုတိယပတ်)တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်နေသောပဲများမှာ ပဲစင်းငုံနီ၊ ကုလားပဲဖြူ လုံးကြီး၊ ပဲယင်း၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့(CP)၊ ပဲလွန်းပြာနှင့် နေလဲစေ့များ အရောင်းအဝယ်ဖြစ်နေပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျပြီး ရောင်းဝယ်ဖောက်ကားရာတွင်လည်း နေရာဒေသစုံမှ လာရောက် အရောင်းအဝယ်ဖြစ်နေပါသည်။
မေလ(ပထမပတ်)တွင် ပဲစင်းငုံ (နီ) တစ်တင်းလျှင် ကျပ်(၁၂၉၄၀၀)ဖြစ်ပြီး မေလ(ဒုတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစင်းငုံ(နီ) ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၃၀၀၀၀-၁၃၀၂၀၀-၁၃၅၆၀၀)၊ မေလ(ပထမပတ်)နှင့် (ဒုတိယပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၆၂၀၀)ဈေးနှုန်းမြင့်တက်နေကြောင်း၊ မတ်ပဲတစ်တင်းလျှင် ကျပ်(၉၉၀၀၀)ဖြင့် နေ့စဉ်အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။ အရောင်းအဝယ်ဖြစ်ခဲ့သော အိတ်ရေမှာ ပဲစင်းငုံ(နီ) (၅၀၀မှ ၁၀၀၀)အိတ်ထိ၊ မတ်ပဲအိတ်ရေ (၅၀မှ ၂၀၀)အိတ်ထိ ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)