Main menu

ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသော ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြို့မစည်ပင်သာယာဈေး၊ အမှတ် (၂) ဈေးနှင့် ပျံကျဈေးတို့တွင် ရှမ်းပြည်နယ်အတွင်းရှိ အောင်ပန်း၊ အင်းလေး၊ နောင်ချို၊ ရွှေညောင်ဒေသနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်အတွင်းရှိ နယ်များမှထွက်ရှိသော ကြက်သွန်ဖြူများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ထုမြို့နယ်မှထွက်ရှိသော ကြက်သွန်ဖြူဒိုင်ပြတ်လက်ကားဈေးမှာ အလုံးအရွယ်အစားကိုလိုက်၍ ကြက်သွန်ဖြူ(လုံးကြီး) တစ်ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ (လုံးလတ်) တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ (လုံးသေး)တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဖြစ်ပြီး ရှမ်းပြည်နယ်မှထွက်ရှိသော ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင်ရောင်းချနေသော ကြက်သွန်ဖြူလက်လီဈေးနှုန်းမှာ (လုံးကြီး) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (လုံးလတ်) တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ (လုံးသေး)တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြစ်ပြီး နေ့စဉ်ကုန်ချိန် ၅၀၀၀ပိဿာမှ ၆၀၀၀ပိဿာထိအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)