Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆန်နှင့်စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ မေလ (၂၁)ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်တိုင်းစားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆန်စပါးကုန်သည်အသင်း၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ပင်စင်လစာထုတ်ယူသည့်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထားဝယ်မြို့မြန်မာ့စီးပွားရေးဘဏ်ဘေး၊ အထက(၁)ကျောင်းဝန်းအတွင်းတွင် ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့တစ်ဦးလျှင်ဆန် (၂)ပြည်၊ စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေး(၁) ပိသာလျှင် ၆၀၀၀ကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ပင်စင်စားဦးရေ ၆၀၀ အား ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)