Main menu

ဆိပ်ဖြူကြက်သွန်နီ မေလ(တတိယပတ်)တွင် ဈေးငြိမ်၍အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင် ဈေးကွက်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးနှုန်းများ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ မေလ (တတိယပတ်)တွင် ကြက်သွန်နီ အမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၂၀၀၀)၊ အလတ်စ ကျပ် (၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဈေးရှိခဲ့ပြီး ယခင်မေလ(ဒုတိယပတ်)တွင်လည်း အမြင့်ဈေး ကျပ် (၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်စည်ဒိုင်ဈေးကွက်နှင့် ပွဲရုံများသို့ နေ့စဉ်ကုန်ချိန် ပိဿာ (၂၀၀၀၀ မှ ၃၀၀၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း၊ တောင်သူများမှ မိမိတို့ စိုက်ခင်းထွက် ကြက်သွန်နီများကို ဈေးကွက်ရရှိရန်ထိန်း၍ ရောင်းချလျက်ရှိခြင်းကြောင့် ဈေးကွက်သို့ ကုန်ဝင်လျော့ နည်းသွားကြောင်း သိရှိရသည်။

             ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော ကျေးရွာများနှင့်စလင်း၊ ပွင့်ဖြူမြို့ များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ကုန်စည်ဒိုင်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှုမရှိသော်လည်း မြို့ပေါ်ရှိ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပြည်ပအဝယ်နည်း၍ ယခုတစ်ပတ် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ကုန်စည်စီးဆင်းမှုအနေဖြင့် ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များနှင့် မြဝတီ၊ မော်လမြိုင် မြို့များမှတစ်ဆင့် ပြည်ပ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ယခုမေ (တတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၃)သိန်း၊ တန်ချိန်အားဖြင့်(၄၉၀)တန်ခန့် ကုန်စည် စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)