Main menu

ဖြူးမြို့တွင်အခြေခံစားကုန်များ ဈေးနှုန်းကျဆင်း

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် မြေပဲဆီမှာ ဖေဖော်ဝါရီလလယ်ပိုင်းက တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိရာမှ ယခုမေလတတိယအပတ်အစတွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။

      ကြက်သွန်နီမှာ ဧပြီလက တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်ရှိရာမှ ယခုမေလတတိယအပတ်အစတွင် တစ်ပိဿာလျှင် ၂၆၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ငရုပ်သီးခြောက်မှာ ဧပြီလက တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ရှိရာမှ ယခုမေလ တတိယအပတ်အစတွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ အာလူးမှာ ဧပြီလက တစ်ပိဿာလျှင် ၂၄၀၀ကျပ်မှ မေလတတိယအပတ်အစတွင် တစ်ပိဿာလျှင် ၂၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        ကုလားပဲခြမ်းမှာ ဧပြီလက တစ်ပိဿာလျှင် ၆၅၀၀ကျပ်ရှိရာမှ ယခုမေလတတိယအပတ်အစတွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊  ကုလားပဲလုံးမှာ ဧပြီလက တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ယခုမေလတတိယအပတ်အစတွင် တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊  မြေပဲဆံ(အဖြူ)မှာဧပြီလက တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိရာမှ ယခုမေလတတိယအပတ်အစတွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် မြေပဲဆံ(အနီ)မှာ ဧပြီလက တစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိရာမှ ယခုမေလတတိယအပတ်အစတွင် တစ်ပိဿာလျှင် ၇၇၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းကြောင်း စည်ပင်သာယာဈေးအတွင်းရှိ ကိုမောင်မောင်ကုန်စုံဆိုင်မှ သိရှိရပါသည်။

DOCA(ပဲခူး)