Main menu

ပြည်စပါး/ဆန်ဈေးကွက် ဈေးငြိမ်ပြီးအရောင်းအဝယ်အေး

Powered by Drupal

          ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် စပါး/ ဆန်ဈေးများ‌ငြိမ်နေပြီး (၄၆)ပေါင်တင်း (၁၀၀)လျှင် ၂၀၃၀၀၀၀ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် ၇၆၀၀၀-၈၀၀၀၀ကျပ်ဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလမှစ၍ ယခုမေလတတိယပတ်အစအထိဈေးငြိမ်နေပါသည်။ ဧရာဝတီ၊ ပုသိမ်ဘက်မှဝယ်ယူရောင်းချသော ပေါ်ဆန်းဆန်ဈေးများမှာ ၁၆၀၀၀၀ကျပ်မှ ၁၇၂၀၀၀ကျပ်အထိ တစ်အိတ်လျှင် ၅၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး ပုသိမ်ရိုးနီတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ ဒေသတွင်းစားသုံးဆန်များဖြစ်သော မှော်ဘီဆန်တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ လုံးသွယ်မွှေးတစ်အိတ် လျှင် ၉၀၀၀၀ကျပ်၊ ဧရာမင်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ အခြားတိုင်းများမှဝယ်ယူရောင်းချသော နွေစပါး (၄၆)ပေါင်၊ တင်း(၁၀၀)လျှင် ၁၆သိန်းကျပ်ရှိပြီး၊ နွေဆန်တစ်အိတ်လျှင် ၆၀၀၀၀-၆၂၀၀၀ကျပ်ဈေးရှိပါသည်။ ဆန်ကုန်သည်များအနေဖြင့် အရောင်းအဝယ်အေးသည့်အတွက် ရိုးရိုးဧည့်မထဆန်ဈေးနှုန်းများမှာ မြင့်တက်ခြင်းမရှိဘဲ ပုသိမ်ပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်းဆန်ဈေးများသာ အနည်းငယ်မြင့်တက်ခြင်းရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)