Main menu

ပြည်မြို့ရဲ့သစ်သီးဝလံဈေးကွက်မှာရော Online ဈေးကွက်မှာပါအရောင်းသွက်နေတဲ့ ရာသီစာသီးနှံဈေးနှုန်းများ

Powered by Drupal

       ပြည်မြို့၏သစ်သီးဝလံဈေးကွက်အတွင်း ယခုရာသီ သီးနှံမျိုးစုံဝင်ရောက်လျက်ရှိရာ လိမ္မော်သီး၊ ဖရဲသီး၊ ပန်းသစ်တော်၊ ပျားလိမ္မော်စသည့်သီးနှံများအပြင် လိုင်ချီးသီး၊ စတော်ဘယ်ရီသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး စသည်ဖြင့် ရာသီစာသစ်သီးဝလံများကလည်း အရောင်းအဝယ်ကောင်းနေကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလတတိယအပတ်အစတွင် လိုင်ချီးသီးအနေဖြင့် တစ်ပိဿာ ၇၅၀၀ကျပ်၊ မင်းကွက်သီး အလုံးအရွယ်အစားအလိုက် (၁၀)လုံးဈေး ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ကြက်မောက်သီးဈေးနှုန်းမှာလည်း အသီးအရွယ်အစားပေါ်မူတည်၍ ၂၅၀ကျပ်မှ ၃၀၀ကျပ်အထိ ရောင်းဝယ်နေကြကြောင်းသိရှိရပါသည်။ ဒူးရင်းသီးများကလည်း ယိုးဒယားသီး၊ ဗမာသီး၊ မွန်ထောင်းသီး၊ ကိုင်းဆက်သီး စသည်ဖြင့် အလုံးအရွယ်အစား အသီး အမျိုးအစားပေါ်မူတည်၍ ရောင်းချကြပြီး ကျပ်(၁)သောင်း ကျော်မှ (၃)သောင်းကျော်ထိ အရည် အသွေးလိုက်၍ အသီးအမျိုးအစားလိုက်၍ ဈေးများကွာခြားမှုရှိကြပါသည်။ အလုံးလိုက်မဟုတ်ဘဲ ဘူးများဖြင့်လည်း ဂရမ်အလိုက် ဈေးကွာခြားမှုရှိကြပါသည်။ ဒါ့ကြောင့် တစ်ဘူးလျှင် ကျပ် (၁)သောင်းကျော်မှစ၍ ဂရမ်များလျှင်များသလို ဈေးပိုသွားကြကြောင်း သိရှိရပါသည်။ ပြည်သစ်သီးဝလံဈေးကွက်မှာသာမက Online ဈေးကွက်မှာပါ ယခုကာလရာသီစာသစ်သီးဝလံမျိုးစုံများတွင် မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီးများ အရောင်းအဝယ်ပိုသွက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)