![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/147_0.jpg?itok=vOMBGkQO)
ပြည်မြို့ပေါ်ဈေးများတွင် ၂၀၂၄ခုနှစ်၊ မေလလယ်၌ ဝါစေ့ပင်ပေါက်များ ဈေးကောင်းရလျက်ရှိပြီး ယခုကာလတွင် ပေါင်းတလည်မြို့နှင့် တောင်ခွေးရဲရွာတို့ဘက်မှ ဝင်ရောက်လျက်ရှိပါသည်။ ဝင်ရောက်မှုမှာ တစ်ပတ်လျှင်တစ်ကြိမ်သာဝင်ရောက်မှုရှိပြီး ၁၀ပိဿာခန့် အဝင်ရှိနေပါသည်။ ယခုကာလမှာရှားပါးချိန်ဖြစ်၍ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေသည်။ ဝါစေ့ပင်ပေါက်မှာ စိမ့်သောအရသာရှိပြီး ဘူးသီး၊ ကင်းပွန်ရွက်၊ ကန်စွန်းရွက်တို့နှင့် ရော၍ဟင်းချို၊ ကြော်ချက် အရည်သောက်သော်လည်းကောင်း၊ ဆူးပုပ်ရွက်၊ ပိန္နဲသီးများနှင့် ရော၍သော်လည်းကောင်း၊ အမျိုးသမီးများ၏ သွေးဆုံးကိုင်ဝေဒနာသက်သာစေရန် ဝါစေ့ပင်ပေါက်ကို ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့နှင့် ဟင်းခါးချက်၍ စားသောက်ကြသော အလေ့ရှိကြသည်။ ၂၀၂၄ခုနှစ် မေလ တတိယအပတ်အစတွင် ရောင်းချသောဈေးနှုန်းအားဖြင့် ပြည်မြို့ပေါ်ဈေးများတွင် ဝါစေ့ပင်ပေါက်(၁၀)ကျပ်သားလျှင် ၁၀၀၀ကျပ်ရှိပြီး (၁)ပိဿာယူလျှင် ၈၀၀၀-၉၀၀၀ကျပ်ဖြင့် ရောင်းဝယ်မှု ရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)