Main menu

ပြည်ဈေးကွက်အတွင်းဒူးရင်းသီးများအရောင်းသွက်

Powered by Drupal

      ပြည်ဈေးကွက်သို့ ယခုကာလများတွင် ဒူးရင်းသီးများကို တောင်ငူ၊ မော်လမြိုင်နှင့်ရေးဘက်မှ ဝင်ရောက်လျှက်ရှိရာ အမျိုးအစားများအနေဖြင့် ဗမာသီး၊ ယိုးဒယားကိုင်းဆက်သီး၊ မွန်ထောင်းသီး၊ ချန်နီသီးများအဝင်ရှိ၍ ပြည်ဈေးကွက်အတွင်းရှိ အသီးအနှံမျိုးစုံရောင်းချသည့်ဆိုင်များတွင် ရောင်းချလျက်ရှိသလို Online ဖြင့်ရောင်းချသူများ၊ ကားဖြင့်လှည့်လည်၍ ဒူးရင်းသီးတစ်မျိုးတည်းသာ ရောင်းချသူများလည်းရှိပါသည်။ ဈေးများတွင်သီးနှံစုံရောင်းချသည့်ဆိုင်များနှင့် ကားဖြင့်လှည့်လည်ရောင်းချသူများထက် Online မှရောင်းချသူများက ပိုမိုအရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလတတိယအပတ်အစတွင် ဗမာသီးဈေးနှုန်းများမှာ တစ်လုံးလျှင် ၆၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ အလုံးအကြီးအသေးပေါ်လိုက်၍ ဈေးကွာခြားမှုရှိပြီး ယိုးဒယားကိုင်းဆက်သီး၊ မွန်ထောင်းသီး၊ ချန်နီသီး စသည့်အသီးများမှာ အသီးအရည်အသွေးပေါ်လိုက်၍ 1Kg လျှင် ၁၅၅၀၀ကျပ်မှ စ၍ ၂၀၀၀၀ကျော် အထိဈေးအမျိုးမျိုးရှိပြီး ဝယ်ယူ စားသုံးသူများအနေဖြင့် အသားထူ၍အရသာပိုမိုကောင်းမွန်သော ယိုးဒယားကိုင်းဆက်သီး၊ မွန်ထောင်းသီး၊ ချန်နီသီးများကို ဗမာသီးထက် ပိုမိုကြိုက်နှစ်သက်ကြပါသည်။ ပြည်ဈေးကွက်အတွင်းတွင် တစ်ရက်လျှင် အလုံး ၂၅၀ခန့် ဒူးရင်းသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)