Main menu

အောင်သပြေတုံးဈေးကွက်ကိုထိုးဖောက်လာသော ရန်ကုန်တွံတေးသ‌ပြေ

Powered by Drupal

     ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးများသည် ပြည်မြို့ပေါ်တွင်နေထိုင်သော လူများသာမက နယ်ဝေးရပ်နီးမှနေထိုင်သူများကပါ မှာယူကြသော အောင်သပြေပန်းဖြစ်ပါသည်။ ယခုအချိန် ဧပြီလကုန်မှစတင်၍ ပြည်မြို့ပေါ်ရှိပန်းဈေးကွက်တွင် ရန်ကုန်တွံတေးမှသပြေများ ဈေးကွက်သို့ဝင်ရောက်လာပါသည်။ ပြည်မြို့မှထွက်ရှိသောအောင်သပြေတုံးမှာ အငုတ်မှ အညွှန့်များဖြာထွက်နေပြီး ရေလဲပေးပါက အညွန့်သစ်များထပ်မံထွက်လာကာ (၂)လအထားခံပြီး ယခုဈေးကွက်တွင်‌ ရောင်းချနေသောရန်ကုန်တွံတေးသပြေမှာ ကိုင်းရင့်ပြီး ကိုင်းမှာအမြစ်အနည်းငယ်ရှိကာ ပုံမှန်ရေလဲပေးပါက (၆)လမှ (၈)လအထိ အထားခံပါသည်။၂၀၂၄ခုနှစ်၊ မေလ တတိယအပတ်အစတွင် ရန်ကုန်တွံတေးသပြေများကို တစ်ပိုင်းလျှင် (၁၅၀၀၀၀) ကျပ်ပေးရကြောင်း သပြေအခက်အပင်ကြီးတစ်ခက်လျှင် (၁၀၀၀)ကျပ်ရောင်းချပြီး အပင်အသေးလေးများ (၅)ခုခန့် စည်းထားသောတစ်ပိုင်းကို (၁၅၀၀)ကျပ်ခန့် ရောင်းချကြောင်း သိရှိရပါသည်။ ရန်ကုန် တွံတေးသပြေသည် လကြာကြာအထားခံသောကြောင့် ယခုကဲ့သို့ ပူပြင်းသောနွေရာသီတွင် ဘုရားပန်းထိုးရန်အတွက် ပြည်မြို့နေထိုင်သူအိမ်ထောင်ရှင်မများ အကြိုက်တွေ့နေသော ဘုရားပန်း ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)