Main menu

သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့်ရောင်းချခြင်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များကို ပြည်သူများအား ဇွန်လမှစတင်၍ ယခုမေလထိ နေ့စဉ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

        အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းသီးရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများကို နေစဉ်နံနက်(၇:၀၀) နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။ စားသုံးသူပြည်သူများအား ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊ ကြက်သား(စီပီ) အကောင်လိုက်တစ်ပိဿာလျှင် ၈၀၀၀-၉၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာ ၁၅၀၀၀ကျပ်၊  အမဲသားတစ်ပိဿာ ၁၅၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ ၄၅၀၀-၅၀၀၀ကျပ်၊ ကြက်ဥတစ်လုံး ၂၅၀ကျပ်၊ ဘဲဥတစ်လုံး ၃၈၀ကျပ်ဖြင့် အသီးသီးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)