စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်အတွက် ဆန်ဈေးနှုန်းများမြှင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ ဆက် စပ်ဌာနများပါဝင်သော အဖွဲ့စုံဖြင့် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်ကြီးများ အများအပြားရှိသော မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ၁၇-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မှူးဦးဆောင်သောအဖွဲ့သည် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ကွင်းဆင်းရာတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ မြသိင်္ဂီဆန်ပွဲရုံ၊ ဒေါ်ခင်မိုးမိုးမြင့်ဆန်ဆိုင်၊ မြေသင်းနံသာပွဲရုံတို့တွင် ဆန်ရောင်းချနေမှုများအား ကွင်းဆင်းခဲ့ကြပါသည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းများမှ ဧရာဝတီပေါ်ဆန်း၊ မနောသုခ၊ ရာကျော်ဆန်များနှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်ဘက်မှ သီးထပ်ဆန်နှင့် ပခမ်းဆန်အမျိုးအစားများအား ပုံမှန်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)