Main menu

လွိုင်ကော်မြို့၊ စားသုံးဆီဈေးကွက်အခြေအနေ ကွင်းဆင်းစုံစမ်း

Powered by Drupal

        ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီလ စတုတ္ထပတ်မှစတင်၍ စက်သုံးဆီ အရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်ရိုးရိုးတစ် လီတာကို (၁၈၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၈၆၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၁၈၃၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၉၅၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းကို မြို့တွင်းစက်သုံးဆီဆိုင်အချို့မှ စုံစမ်းသိရှိရပါတယ်။

        ယခင် ဇန်နဝါရီလအတွင်း ဒီဇယ်ရိုးရိုးတစ်လီတာကို (၁၄၈၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၁၅၁၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၅၁၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၆၃၀) ကျပ်သာရှိခဲ့ပြီး ယခုဖေဖော်ဝါရီလ နှင့် ယခင်ဇန်နဝါရီလအတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုးတစ်လီတာကို (၃၅၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၃၅၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို(၃၂၀)ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၃၂၅)ကျပ် ကွာဟ လျက်ရှိပြီး ဈေးနှုန်းမြှင့်တက်လျှက်ရှိပါကြောင်း တွေ့ရပါတယ်။

          ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယခင် ဇန်နဝါရီလထက် ဈေးနှုန်းမြင့်တက်နေခြင်းမှာ ဒေါ်လာဈေးအနည်းငယ် တက်လာသဖြင့် တင်သွင်းလာသည့် မူရင်းဈေးနှုန်း မြှင့်တက်လာမှုကြောင့် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ သယ်ယူပို့ဆောင်ရေးအခက်အခဲများ ကြောင့်လည်းကောင်း ဈေးနှုန်းအနည်းငယ် မြှင့်တက်ရခြင်းဖြစ်သည်ဟု သိရှိရပါတယ်။

DOCA(ကယား)