Main menu

ဧပြီလတွင် ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် ကန်ဒေါ်လာ ၂၉ဒသမမ ၄သန်းရှိ

Powered by Drupal

     ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် ဧပြီလတွင် ၁၀၉၂၁၉တန်ရှိပြီး အမေရိကန်ဒေါ်လာ ၂၉ဒသမ ၄သန်းတန်ဖိုးရှိခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ပမာဏနှင့် တန်ဖိုးအဆတစ်ရာကျော်တိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရသိရသည်။

      အပူစွမ်းအင်အတွက် ဝယ်လိုအားတိုးမြင့်လာခြင်းကြောင့် နိုင်ငံအများအပြားတွင်  ကျောက်မီးသွေးတင်သွင်းမှုအများဆုံးသောနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂.၄၃သန်းတန်ဖိုးရှိသော ကျောက်မီးသွေး ၅၃၄၀၄တန်ခန့်တင်သွင်းထားပြီးဖြစ်သည်။

       နယ်သာလန်၊ တောင်အာဖရိက၊ ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည်လည်း ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးအဓိကတင်သွင်းရာနိုင်ငံများဖြစ်ကြသည်။

     ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် ကျောက်မီး‌သွေးအသုံးပြုမှုအများဆုံးသောနိုင်ငံ ၅နိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏အဆိုအရ နိုင်ငံအတွင်းရှိ ကျောက်မီးသွေးတန်ချိန်မှာ ၅၀ဘီလီယံခန့်ရှိသည်ဟုဆိုသည်။

       Quang Ninh သည် ဗီယက်နမ်နိုင်ငံ၏ အရေးကြီးဆုံးကျောက်မီးသွေးတွင်းဖြစ်ပြီး ၎င်းကို ၁၈၃၉ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ကာ ကျောက်မီးသွေးတန်ချိန် ၈.၇ဘီလီယံအထိထုတ်လုပ်နိုင်ခဲ့သည်။ နိုင်ငံတကာဈေးကွက်သို့ သွားလာရန်လွယ်ကူ၍ ပင်လယ်‌ရေနှင့်နီးသော တည်နေရာကြောင့် ၎င်းသည် ထိပ်တန်းကျောက်မီးသွေးတူးဖော်ရေးနယ်မြေဖြစ်လာခြင်းဖြစ်သည်။

      စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အဆိုအရ ကျောက်မီးသွေးဈေးကွက်သည် ယခုမှ ၂၀၃၀ခုနှစ်အထိတိုးလာမည်ဖြစ်ပြီး တစ်နှစ်လျှင် စီးပွားဖြစ်ကျောက်မီးသွေးတန်ချိန် ၄၃သန်းမှ ၄၇သန်းအထိရှိလာမည်ဖြစ်သည်။ ယင်းနောက် ၂၀၃၅ခုနှစ်မှ ၂၀၄၅ခုနှစ်အတွင်း တဖြည်းဖြည်းလျော့နည်းလာမည်ဟု ခန့်မှန်းထားသည်။

      ဘိလပ်မြေ၊ သတ္တုနှင့် ဓာတုဗေဒကဲ့သို့သော စီးပွားရေးကဏ္ဍများတွင် လျှပ်စစ်ဓာတ်အားဝယ်လိုအားမြင့်တက်လာမှုကြောင့် ၂၀၃၀-၂၀၃၅ ခုနှစ်အတွင်း တစ်နှစ်လျှင် ကျောက်မီးသွေးလိုအပ်ချက်မှာ တန်ချိန် ၉၄သန်းမှ ၁၂၇သန်းအထိ အမြင့်ဆုံးသို့ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ၂၀၄၅ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၇၃-၇၆ သန်းအထိ တဖြည်းဖြည်းလျော့ကျသွားမည်ဖြစ်သည်။

       ပြည်တွင်းတွင် စီးပွားဖြစ်ကျောက်မီးသွေးထုတ်လုပ်မှုသည် ၂၀၂၅-၂၀၃၅ ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၄၅သန်းမှ ၄၇သန်းခန့်ရှိမည်ဖြစ်ပြီး ၂၀၄၅ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၄၂သန်းမှ ၄၄သန်းအထိ တဖြည်းဖြည်းလျော့ကျလာမည်ဖြစ်သည်။ ဝယ်လိုအားနှင့်ကိုက်ညီစေရန် ဗီယက်နမ်မှ တန်ချိန် ၅၀သန်းမှ ၈၃သန်းခန့်တင်သွင်းရန် မျှော်မှန်းထားကြောင်းသိရှိရပါသည်။

Source: Vietnamnews.vn

DOCA(ရန်ကုန်)