စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးတာဝန်ခံနှင့်အတူ စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ၌ ကုန်မျိုးစုံဆိုင်များဖြစ်သော ဒေါ်မိမိခိုင်၊ ဒေါ်မြမြဝင်း၊ ဒေါ်မို့မို့အေး၊ ဒေါ်စန်းစန်းမြင့်နှင့် ဦးလှမျိုးဆိုင်များတွင် Yarthetpen (အဆင့်မြင့်စားအုန်းဆီ)၊ Meizan(အဆင့်မြင့်စားအုန်းဆီ)၊ Louts (စားအုန်းဆီ)၊ Cook (ပဲပိစပ်ဆီ)၊ Goody (အဆင့်မြင့်စားအုန်းဆီ)၊ တော်ဝင်(စားအုန်းဆီသန့်)၊ Sunar (နေကြာဆီ)၊ ဒီဒီ(မြေပဲဆီ)နှင့် ရန်ကုန် (ပဲဆီသန့်) တို့တွင် အမှတ်တံဆိပ်များပြည့်စုံစွာပါရှိခြင်း၊ FDA ၏ ထောက်ခံချက်များပါဝင်ခြင်းနှင့် အသားတင် ပမာဏဖော်ပြရာတွင်လည်း မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားများကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ရန်ကုန်)