Main menu

မြောင်းမြမြို့နယ်၊ စက်မှုဇုံရှိ စက်မှုလက်မှုလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးသန့်ဇင်နှင့် မြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးတို့သည့် (၂၁.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၂:၀၀)နာရီတွင် မြောင်းမြမြို့၊ စက်မှုဇုံရှိ စက်မှုလုပ်မှုလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူးဦးထွန်းထွန်းဦး(ထိပ်တန်း)စက်မှုလက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကွင်း ဆင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် လက်ရှိ ဆောင်ရွက်နေသည့်အခြေအနေများ၊‌ ရှေဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ တွေ့ကြုံရ သည့်အခက် အခဲစိန်ခေါ်မှုများအား တွေ့ဆုံဆွေးနွေးမေးမြန်းဆောင်ရွက်ခဲ့ပြီး၊ ထိပ်တန်းစက်မှုလုပ်မှု လုပ်ငန်းမှထုတ်လုပ်လျှက်ရှိသော ချွေလှေ့စက်၊ ရေတင်စက်၊ သမန်းလှေ၊ လယ်ယာသုံးစက်ကိရိယာ၊ အမျိုးမျိုးနှင့် သံဇကာချိန်းလိပ်များထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဈေးကွက်ဈေးနှုန်း အခြေအနေများအား ဆွေးနွေးမေးမြန်းကာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)