Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးလယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     (၂၁-၅-၂၀၂၄) ရက်နေ့၊ နေ့လယ်(၂)နာရီမှ (၄)နာရီအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်ဦးဆောင်၍ ဝန်ထမ်းများသည် တိုင်းဒေသကြီးလယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ရာ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းစုစုပေါင်း(၃၈)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါဟောပြောပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် မူပိုင်ခွင့်ဦးစီးဌာန၏ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်း၊ ကျန်းမာရေးရှုထောင့်အရ စားသုံးဆီများ လျော့ပေါ့စားသုံးသင့်သောအကြောင်းအရာများ၊ တိုင်ကြားမှုဆိုင်ရာအချက်အလက်များ၊ စားသုံးသူရေးရာကော်မတီ၊ ကော်မရှင်တို့၏ အဆင့်ဆင့်ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုများအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ ဌာန၏ VIDEO Clip များပြသ၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အရာထမ်း အမှုထမ်းများ၏ သိလိုသည်များအား အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းနှင့် ဌာန၏ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)