Main menu

စစ်ကိုင်းမြို့ပေါ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် ဒူးရင်းသီးနှင့် မင်းဂွတ်သီးရောင်းချမှု အခြေအနေ

Powered by Drupal

       စစ်ကိုင်းမြို့ပေါ်တွင် သစ်သီးဆိုင်(၁၀)ဆိုင်ခန့်ရှိပါသည်။ဒူးရင်းသီးများကိုမွန်ပြည်နယ်မှ အများဆုံးမှာယူ၍သော်လည်းကောင်း၊ ပဲခူးတိုင်းတောင်ငူတစ်ဝိုက်မှသော်လည်းကောင်း၊ မန္တလေးမြို့သစ်သီးဒိုင်များမှလည်း မှာယူရောင်းချက်လျက်ရှိပြီး မင်းဂွတ်သီးများကိုမွန်ပြည်နယ်နှင့်မန္တလေး သစ်သီးဒိုင်များမှမှာယူရောင်းချပါသည်။

       ယခုနှစ် ဒူးရင်းသီးမှာ အသီးထွက်ရှိမှုယခင်နှစ်ထက်စော၍ အပျက်အစီးဆုံးရှုံးမှုနည်းပါသော်လည်း မင်းဂွတ်သီးထွက်ရှိရာ သထုံ၊ ပေါင်၊ မော်လမြိုင်၊ မုဒုံ စသည့် မွန်ပြည်နယ်တစ်ဝိုက်တွင် စိုက်ပျိုးသူတောင်သူများ မင်းဂွတ်သီးထွက်ရှိနှုန်းများသော်လည်း ရာသီဥတုပူပြင်းပြီး မိုးဦးကျနောက်ကျ၍ အပင်ခြောက်၊ အသီးပိန် ပျက်စီးဆုံးရှုံးမှုများကြောင့် စစ်ကိုင်းမြို့ပေါ်တွင် မင်းဂွတ်သီးတစ်လုံးဈေးနှုန်းမှာ အနည်းဆုံး (၅၀၀)ကျပ်မှ အများဆုံး (၁၀၀၀)ကျပ်ထိ၊ ဗမာဒူးရင်းသီးဈေးနှုန်းမှာ (၁၀၀၀၀)ကျပ်မှ (၁၈၀၀၀)ကျပ်ထိ၊ ယိုးဒယားဒူးရင်းသီးဈေးနှုန်းမှာ 1Kg (၁၈၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)