Main menu

သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းရှိ Denko (သာကေတ) စက်သုံးဆီအရောင်းဆိုင်အား သွားရောက်စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ မြို့နယ်များတွင် ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်အရောင်းဈေးနှုန်းများနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိတို့ကို ရန်ကုန်တိုင်းဦးစီးမှူးရုံးသို့ နေ့စဉ်ပေးပို့တင်ပြရာ 21-5-၂၀၂၄ ရက်နေ့၊ နံနက် (၁1:၀၀)နာရီအချိန်တွင် အမှတ်(၂၃၅/ခ) မြေတိုင်းရပ်ကွက်အမှတ် (၁၀)၊ ရှု့ခင်းသာမြို့ပတ်လမ်း၊ သာကေတမြို့နယ်ရှိ အသစ်ဖွင့်လှစ်ရောင်းချသည့် Denko (သာကေတ) စက်သုံးဆီအရောင်းဆိုင်အား ခရိုင်ဦးစီးမှူးက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက စက်သုံးဆီဆိုင်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှသတ်မှတ်ထားသည့် စည်းကမ်းချက်များအပြင် မိမိတို့ဌာနအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ၌ နေ့စဉ်ရောင်းချနေသည့် ဆီဈေးနှုန်းများ/ ဆီပြတ်လပ်မှုရှိ/ မရှိ၊ Led board/ ဆိုင်အတွင်း ကားတန်းစီမှုအခြေအနေ/ ဆီကားအဝင်စာရင်းတို့ကို တာဝန်ကျဝန်ထမ်းများက နေ့စဉ်စာရင်းကောက်ယူပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ပေးပို့ရကြောင်း၊ အခါအားလျော်စွာ အထက်မှလမ်းညွှန်ချက်များအရ တာဝန်ပေးသည့်အခါ ဆီကန်များ၏ ဆီကန်ဝင်ဆံ့မှုပမာဏ/ ဆီကန်လက်ကျန်/ ဆီအရောင်းပြေစာ/ ဖြတ်ပိုင်း စသည်ဖြင့် ပေးအပ်သောတာဝန်များကိုလည်းလုပ်ဆောင်ရကြောင်း၊ ဌာနအနေဖြင့် စက်သုံးဆီရောင်းချရာတွင် အရည်အသွေးပြည့်ဝသော စက်သုံးဆီများကိုသာရောင်းချရန်၊ အလေးချိန်မှန်ကန်စွာချင်တွယ်စေရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်နှင့် စားဿုံးသူပြည်သူများအနေဖြင့် စိတ်ကျေနပ်မှုမရှိပါက တိုင်ကြားလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုင်တာဝန်ခံ ဦးထွန်းထွန်းဝင်းနှင့်ဆိုင်ဝန်ထမ်းများအား အသိပညာပေးပြောကြားခဲ့ပြီး ဆိုင်အတွင်းအခြေအနေများကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)