ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီသီလတ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ယုနန္ဒာမွန် စသည့်ဌာနများပူးပေါင်း၍ 23-5-2024 ရက်နေ့၊ နံနက် (10:30) နာရီအချိန်တွင် အမှတ်(23/5) စီ၊ သီရိမင်္ဂလာလမ်းသွယ်၊ ရန်ကင်းမြို့နယ်ရှိ ROYAL CARE PLUS Co., ltd မှ ဒေါက်တာကံမြင့်မိုရ်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ဆေးကုမ္ပဏီအတွင်းရှိ ဆေးများအားစစ်ဆေးရာတွင် ဆေး(၆)မျိုးရှိပြီး အဆိုပါဆေးများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစိစစ်ခဲ့ပြီး ဝယ်ဈေး/ ရောင်းဈေးပေါ်မူတည်၍ 5%မှ 10%ခန့် အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)