ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်း ကြက်ခြံ၊ ဘဲခြံများ မေလ တတိယပတ်အတွင်း ဖြစ်ပေါ် နေသော ကြက်ဥ၊ဘဲဥဈေးနှုန်းများမှာ ကြက်ဥအကြီးတစ်လုံးလျှင် ကျပ် (၃၅၀)၊ ကြက်ဥ အလတ်တစ်လုံးလျှင် ကျပ် (၃၂၀)၊ ကြက်ဥအသေးတစ်လုံးလျှင် ကျပ် (၃၀၀)၊ ဘဲဥအကြီးတစ်လုံးလျှင် ကျပ် (၄၅၀)၊ ဘဲဥအလတ်တစ်လုံးလျှင် ကျပ် (၄၂၀) ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်ကာလက ဖြစ်ပေါ်ခဲ့သော ဈေနှုန်းထက် အနည်းငယ် မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥများကို စားသောက် ဆိုင်များ ၊ မုန့်လုပ်ငန်းများတွင် အများဆုံး အသုံးပြုကြပြီး အိမ်ရှင်မများက မိသားစုထမင်းဝိုင်း အတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ပုသိမ်မြို့ မြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။
DOCA(ဧရာဝတီ)