Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန် ဈေးနှုန်းများမှာ ယခင်အပတ်များအတိုင်း ဈေးအေးနေကြောင်းသိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ  (တတိယပတ်) တွင်ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၄၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

      ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၄၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅,၀၀၀၊ ငစိန်(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၁,၆၅၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅,၀၀၀၊ ဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၈၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

      မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၃၅၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ်၃၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၅၀၀၀၀၊ မနောသုခ (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၆၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၈၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၆၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၆၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅၀၀၀၊ ငစိန်(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၂၀၀,၀၀၀၊ ငစိန် (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၇၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

        မေလ   (ဒုတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ  ၂၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၁၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၈၁၈၀၊ ကချင်သို့ အိတ်‌ရေ ၂၆၅၀၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀၀၊ စုစုပေါင်းအိတ်ရေ (၇၉၈၃၀)  အိတ်၊ တန်အားဖြင့် (၃၉၉၁) တန်စီးထွက်ခဲ့ပြီး ယခုမေလ   (တတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၆၂၀၀၊ မန္တလေးသို့ အိတ်ရေ ၃၂၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၀၀၀၊ မွန်သို့ အိတ်ရေ ၂၄၀၀၊ ကချင်သို့ အိတ်‌ရေ ၆၀၃၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၇၇၄၃၀) အိတ်၊ တန်အားဖြင့် (၃၈၇၁) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၂၄၀၀) အိတ်၊ တန်အားဖြင့် (၁၂၀) တန်လျော့နည်းစီးထွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)