Main menu

ပုသိမ်မြို့ပေါ်၌ ဈေးကောင်းရရှိနေသော ဒူးရင်းသီးဈေးကွက်

Powered by Drupal

       ဒူးရင်းသီးသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းစသည့် ဒေသများတွင်အများဆုံး စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ ပန်းပွင့်ချိန်သည် တစ်လခွဲ ခန့်ကြာပြီး မျိုးအလိုက် စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆လထိ ကြာပါသည်။ နိုဝင်ဘာလတွင် ပန်းစပွင့်သော အပင်သည် ဧပြီလတွင် အသီးဆွတ်ခူးနိုင်ပါသည်။ အရောင်ပြောင်း၊ ဆူးကြဲလာလျှင်ကောင်းစွာ ရင့်ပါသည်။ လက်မနှင့် ဆူးကို ခေါက်ကြည့်ပြီး ဂလိုင်သံထွက်လာလျှင် အညှာအရင်းအထက်ဖြတ်ပြီး ခူး၍ရပြီဖြစ်သည်။ အသီးများ ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူးရပါသည်။ မှည့်လျှင်ပင်မြင့်ပေါ်မှ အလိုအလျှောက် ပြုတ်ကျလာတက်ပြီး ပင်မြင့်မှ ပြုတ်ကျလာသော်လည်း မပျက်မစီးဘဲ ပင်ကိုအတိုင်းပင် တည်ရှိလျက်ရှိပြီး ၎င်း၏ပင်စည်နှင့်အမြင့်မှာလည်း ကြီးမားမြင့်မားလှကာ အရွက်မှာလည်း အရောင်နှစ်မျိုးပါရှိကာ ကျောဘက်တွင် ရွှေအိုရောင်ရှိပါသည်။

       ဒူးရင်းသီးကို အဓိကစိုက်ပျိုးသော ဒေသများတွင် (၁)လုံး ကို ၁၅၀၀ကျပ် မှ ၇၀၀၀ကျပ် အတွင်းသာ ပေါက်‌ဈေးရှိပြီး ပုသိမ်မြို့ပေါ်တွင်လည်း (၁)လုံး ကို ၁၅၀၀၀ကျပ် မှ ၈၅၀၀၀ကျပ် အထိ ဒေသပေါက်ဈေးရှိသည့်အတွက် ဒူးရင်းသီးကိုအဓိကစိုက်ပျိုးသည့် အရပ်ဒေသထက် တဆင့်ခံရောင်းချသည့် ဒေသများ၌ ပိုမိုဈေးကောင်း ရရှိလျက်ကြောင်း တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)