Main menu

ရွှေဘိုမြို့၏ မေလ၊ စတုတ္ထအပတ်တွင်ရောင်းချသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျှက်ရှိကြောင်းသိရှိရပါသည်။

      မေလ၊ စတုတ္ထအပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၁၅၄၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၄၅၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၆၉၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ်ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၈၁၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၇၂၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Liter  တစ်ဗူးလျှင် (၁၃၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၅၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင် (၄၃၅၀ဝိ/-) ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 250cc တစ်ဗူးလျှင် (၁၄၅၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ မေလ၊ ဒုတိယအပတ်မှစတင်၍ စတုတ္ထအပတ်ထိ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း၊ ယခုအပတ်တွင် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများမှာ ရောင်းအားကောင်းသော် လည်း ကုမ္ပဏီမှ ပစ္စည်းလိုသလောက်မပို့နိုင်၍  အလှည့်ကျဖြင့်သာယူရကြောင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)