Main menu

ဘီးလင်းဒေသထွက် ကွမ်းရွက်များဈေးကောင်းရနေ

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၊ ဇုတ်သုတ်၊ မုသင်၊ ရွှေလှေကျေးရွာများ၌ ကွမ်းရွက်များကိုတပိုင်တနိုင်စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အထွက်နှုန်းကျဆင်းသော်လည်း ဈေးကောင်းရရှိ၍ မိသားစုစီးပွားရေးအဆင် ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

     အဆိုပါကွမ်းရွက်ပင်များကိုစိုက်ပျိုးရာ၌ ဝါဆိုလတွင်စိုက်ပျိုးကြပြီး ဝါးတစ်တိုင်လျှင်ကွမ်းအညွန့်(၂) ညွှန့်စိုက်ပျိုးရပြီး တော်သလင်းလတွင် သွင်းအားစုအဖြစ်နွားချေး၊ မြေဆွေး၊ ဓာတ်မြေဩဇာများ ကျွေးရကြောင်း၊ သီတင်းကျွတ်လတွင် ကွမ်းရွက်များစတင်ခူးဆွတ်ရရှိပြီး ကွမ်းတိုင် (၁၀၀၀)စိုက်ပျိုးရာ၌ (၂၀) ရက်တစ်ကြိမ်လျှင် (၃၅) ပိဿာခန့်ခူးဆွတ်ရရှိပြီး ထွက်ရှိလာသောကွမ်းရွက်များအား မြို့နယ်တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ကွမ်း(၅၀) ကျပ်သားတစ်အိတ်လျှင် (၁၀၀၀၀)ကျပ်ခန့်ရရှိပြီး ကွမ်းတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဝန်းကျင်ရရှိကြောင်း၊ ကွမ်းတိုင်တစ်ထောင်၏ အထွေထွေကုန်ကျစရိတ် မှာ ကျပ် (၁၅) သိန်းခန့်ကုန်ကျပြီး ကွမ်းပင်၏သက်တမ်းမှာ (၄) နှစ်ခန့်ရှိကြောင်း နှင်းပုလဲကျေးရွာမှ ကွမ်းစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မွန်)