Main menu

ပေါင်းတည်မြို့နယ်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များနှင့် အသားငါးဈေးနှုန်းများ

Powered by Drupal

      နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်း ၂၀၂၄ခုနှစ်၊ မေလတတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များနှင့် အသားငါးဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ် တစ်ပိဿာ ၁၄၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၂၀၀ ကျပ်၊ ကြက်သွန်ဖြူရှမ်းမွှာတစ်ပိဿာ ၁၂၀၀ ကျပ်၊ ကြက်သွန်နီ (ကြီး) တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ၂၅၀၀ ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

      အသား/ငါးဈေးနှုန်းများမှာ  ဝက်သားတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ၁၄၀၀၀ ကျပ်၊ ငါးကြင်းတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ကြက်သား (CP) ၁၆၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချနေပါသည်။

    ပေါင်းတည်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ယခုမေလတတိယပတ်တွင် ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများနှင့် အသား/ ငါး ဈေးနှုန်းများကို ယခင်ဧပြီလတတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကြက်သား(CP)ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပြီး ကျန်ဈေးနှုန်းများမှာ ပုံမှန်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)