Main menu

နတ်တလင်းခရိုင် မေလအတွင်း မတ်ပဲဈေး အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ၂၀၂၄ခုနှစ် မေလအတွင်း ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ဈေးနှုန်းအတက်အကျဖြင့် ရောင်းဝယ်လျက်ရှိကြောင်း တွေ့ရပါသည်။

    ယခင်ဧပြီလစတုတ္ထပတ်တွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းများမှာ မတ်ပဲ ပိဿာ (၂၀) တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်မှ (၁၀၃၃၀၀)ကျပ်အထိ ပေါက်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလပထမပတ်တွင် ပိဿာ(၂၀) တစ်တင်း(၁၀၀၅၀၀) ကျပ်မှ (၁၀၁၀၀၀) ကျပ်အထိ ဈေးနှုန်းကျဆင်းသွားခဲ့ပါသည်။ မေလဒုတိယပတ်တွင်လည်း ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲ ပိဿာ (၂၀) တစ်တင်း(၉၈၈၀၀) ကျပ်မှ (၁၀၁၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး (၂၂.၅.၂၀၂၄)ရက်နေ့ မေလ တတိယပတ်တွင် မတ်ပဲ ပိဿာ(၂၀)တစ်တင်း (၁၀၄၀၀၀) ကျပ်မှ (၁၀၄၅၀၀)အထိ ဈေးအမြင့်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

   တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ အိတ် (၃၅၀)ဆံ့ ကားများဖြင့် တစ်ရက် (၂)စီး မှ(၃)စီးခန့်တင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)