Main menu

ကျိုက်မရောမြို့နယ်ရှိ တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများရရှိ၍ အဆင်ပြေလျက်ရှိ

Powered by Drupal

    ယခု၂၀၂၄ခုနှစ် မိုးရာသီစပါးစိုက်ပျိုးချိန်တွင် ကျိုက်မရောမြို့နယ်ရှိ တောင်သူများမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများရရှိ၍ မိုးစပါးစိုက်ပျိုးရေးအတွက် အထောက်အကူဖြစ်သဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၀ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်မှစတင်ကာ ထုတ်ချေးပေးကြောင်း၊ မိုးရာသီတွင် လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ  ဆောင်ရွက်နိုင်ရန်အတွက် ယခင်စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်မရှိသူများအား အတိုးနှုန်း ၅ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခြင်းဖြစ်ပြီး  မိုးစပါးတစ်ဧကလျှင်  ချေးငွေ ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

      မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲသည် ၂၀၂၄ခုနှစ် မိုးရာသီ၌ လျာထားဧက ၉၀၀၀အတွက် တောင်သူ (၁၃၈၆)ဦးတို့အား ချေးငွေ ကျပ်( ၁၃၅၀၀.၀၀)သိန်းထုတ်ချေးပေးရန်လျာထားပြီး ယနေ့တွင် ပထမဆုံးထုတ်ချေးသည့် ခနောင်ကျေးရွာမှ  တောင်သူ ၁၄ဦး၊ မိုးစပါးစိုက်ဧက (၄၈) ဧကအတွက် တစ်ဧကလျှင်  (၁၅၀၀၀၀ိ/)ကျပ်နှုန်းဖြင့် ချေးငွေ ကျပ်(၇၂) သိန်းအား တောင်သူ လက်ဝယ်အရောက် စနစ်တကျ ထုတ်ပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ  မန်နေဂျာ ဦးမင်းသက်စံထံမှသိရှိရပါသည်။

DOCA(မွန်)