Main menu

ဆိပ်ဖြူကြက်သွန်နီ မေလ(စတုတ္ထပတ်)တွင် ဈေးဆက်လက်ကျဆင်း၍အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးနှုန်းများ ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ အမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၉၀၀)၊ အလတ်စ ကျပ်(၁၇၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဈေးရှိခဲ့ပြီး ယခင်မေလ(တတိယပတ်)၌လည်း အမြင့်ဈေး ကျပ်(၂၀၀၀)၊ အလတ်စ ကျပ် (၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ရမည် ဆိုလျှင် ထိပ်စနှင့် အလတ်စမှာ ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းပြီး အသေးစမှာ ဈေးငြိမ်၍  အရောင်းအဝယ် ဖြစ်ကြောင်း၊ ကုန်စည်ဒိုင် ဈေးကွက်နှင့်ပွဲရုံများသို့ နေ့စဉ်ကုန်ချိန်ပိဿာ(၃၀၀၀၀)ခန့် ဝင်ရောက်လျက် ရှိကြောင်း၊ တောင်သူများမှ မိမိတို့ စိုက်ခင်းထွက် ကြက်သွန်နီများကို ဈေးကွက်ရရှိရန် ထိန်း၍ ရောင်းချလျက် ရှိခြင်းကြောင့် ဈေးကွက်သို့ ကုန်ဝင်လျော့နည်းသွားကြောင်း သိရှိရသည်။

        ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော ကပိုင်၊ ကံတွင်း၊ လိပ်ခြံ၊ ဂွေးပင် ကျေးရွာများ နှင့် စလင်း၊ ပွင့်ဖြူမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ ကုန်စည်ဒိုင်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှုမရှိသော်လည်း မြို့ပေါ်ရှိ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပြည်ပအဝယ်နည်း၍ ယခုတစ်ပတ် ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ကုန်စည်စီးဆင်းမှုအနေဖြင့် ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များနှင့် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ပြည်ပ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ယခုမေလ(စတုတ္ထ ပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သိန်း၊ တန်ချိန်အားဖြင့် (၃၂၆)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA( မကွေး)