![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ပဲဆီ.jpg?itok=38HLJOQP)
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တွင် စိုက်ပျိုးထွက်ရှိသည့် မြေပဲသီးနှံ လှိုင်လှိုင် ပေါ်ချိန်မှာ ဇန်နဝါရီလမှ မတ်လအထိ (၃) လခန့် သာရှိပြီး တစ်နှစ်ပတ်လုံး ကြိတ်ခွဲ နိုင်ရန်အတွက် အခြားဒေသများ ဖြစ်သည့် ပြည်၊ မကွေး ၊ ပခုက္ကူနှင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ ကုန်ကြမ်းများ ကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါသည်။ မြေပဲဆီသည် ကျန်းမာရေးနှင့်လည်း ညီညွှတ်သဖြင့် ယခင်ကထက် စားသုံးမှုများလာ၍ ဈေးကွက်ပိုမိုရရှိလာကြပြီး၊ ဆီကြိတ်၍ထွက်ရှိလာသော မြေပဲဖတ်ကိုလည်း တိရိစ္ဆာန်စာအဖြစ် အသုံးပြုလျက်ရှိပါသည်။
၂၀၂၄ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်း မြေပဲ စိုက်ဧက ၄၉၆၁၅ဧက၊ ရိတ်သိမ်းဧက ၄၉၆၁၅၊ အထွက်တင်း စုစုပေါင်း ၃၃၅၄၃၃၀တင်း၊ ညီမျှအထွက်တန် ၃၈၀၄၀တန် ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုလက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော မြေပဲဈေးနှုန်း နှင့်မြေပဲဆီ ဈေးနှုန်းမှာ မြေပဲတစ်ပိဿာလျှင် ကျပ် ၈၉၀၀ဈေး ၊ မြေပဲဆီ တစ်ပိဿာ လျှင် ကျပ် ၁၇၀၀၀ဈေး ရှိကြောင်းသိရှိ ရပါသည်။ ယခင်နှစ် ဈေးနှုန်းအရ မြေပဲတစ်ပိဿာလျှင် ကျပ် ၆၃၀၀ဈေး၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ ဈေးရှိခဲ့ပြီး၊ ယခင်နှစ်နှင့် ယခုနှစ်ဈေးနှုန်း နှိုင်းယှဉ်လျှင် မြေပဲတစ်ပိဿာလျှင် ကျပ်၂၆၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ် ၃၀၀၀ ကွာခြားကြောင်းတွေ့ရှိနေပြီး၊ သီးနှံဈေးနှုန်းမြင့်တက်မှုနှင့်အတူ မြေပဲစိုက်တောင်သူများ အနေဖြင့်လည်း ယခင်နှစ်ထက် အကျိုးအမြတ် ပိုမို ရရှိနေကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)