ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၃-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မအူပင်မြို့ ကမ်းနားလမ်း၊ အမှတ် ၁ရပ်ကွက်ရှိ ကလေးအသုံးအဆောင်အရောင်းဆိုင် (၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင်စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဥ်း၍ မအူပင်မြို့ဈေးကွက်အတွင်းနှင့် အနီးပတ်ဝန်ကျင်ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရပါသည်။
အလားတူ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်မှတာဝန်သူများသည် မိတ်ဖက်ဌာနများနှင့်အတူ ဓနုဖြူမြို့နယ်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသောဆိုင်များရှိ ကလေးဖြည့်စွက်အာဟာရမှုန့်ဘူးသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)