Main menu

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကြံလုပ်ငန်းလုပ်ကိုင်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ညာဂမုန်း(၈)ရွာအုပ်စုအတွင်းရှိ ကုန်းသာရွာ၊ သပြေပင်၊ ဖျောက်ဆိပ်ကုန်းကျေးရွာတို့တွင် ကြံလုပ်ငန်းကို အဓိကထားပြီး ကြံလုပ်ငန်းဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိပါသည်။

    ကြံများတွင် တပေါင်းလနှင့် တန်ခူးလတို့တွင် နွေကြံ၊ တန်ဆောင်မုန်းလတွင် သကြားကြံနှင့် သီတင်းကျွတ်လတွင် စားကြံဟူ၍ ကြံမျိုးများစွာရှိသည့်အနက် သကြားကြံကိုသာ အဓိကထားလုပ်ကိုင် လျက်ရှိပါသည်။ ကြံများစိုက်ပျိုးရာတွင် အရင်းအနှီးသက်သာစေရန်အတွက် ကြံစိုက်တောင်သူများအား “‌တောင်ညိုသကြားစက်” မှ (၁)ဧကလျှင် စိုက်ခင်းစရိတ် ကျပ်(၁၀၀၀၀၀)ထုတ်ပေးကြောင်း သိရှိရပါ သည်။ ကြံ(၁)ဧကလျှင် (၁၅)တန်မှ (၁၆)တန်ထွက်ရှိ၍ (၁)တန်လျှင် ကြံချောင်း (၆၀၀)ချောင်းရှိ ကြောင်းနှင့် သကြားစက်သို့ ပြန်လည်တင်သွင်းပါက (၁)တန်ကို ကျပ်(၅၀၀၀၀-၆၀၀၀၀)ရရှိကြောင်း သိရှိရပါသည်။ ကြံများအား “‌တောင်ညိုသကြားစက်” အပြင် ကြံရည်ဆိုင်များအားလည်း (၁၀)ချောင်း (၁)စီးလျှင် ကျပ်(၇၀၀၀)နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ကြံချောင်း (၁)ချောင်းလျှင် ကြံရှည်ပါက ဖန်ခွက်ရှည်(၃)ခွက်မှ (၄)ခွက် ရရှိပြီး (၁)ခွက်လျှင် ကျပ်(၆၀၀-၈၀၀)တို့ဖြင့် ရောင်းချ၍ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကြံရည်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)