Main menu

ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကွပ်ကဲမှုအောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ခုနှစ်၊ မေလ(၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ဘိလပ်မြေအရောင်းဆိုင် (၃)ဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင်များတွင်  ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လတ်မှုရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကိုသိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်၍ တိုင်းဒေသ ကြီးဦးစီးမှူးရုံးသို့ အပတ်စဉ်ပေးပို့တင်ပြပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

      မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြုလုပ်ရာတွင် ကျွန်းလှမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အလွယ်တကူဝယ်ယူအသုံးပြုနိုင်ရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ဝယ်ယူရခြင်းများမဖြစ်ပေါ်စေရေးအတွက် ဘိလပ်မြေရောင်းချသည့်ဆိုင်များသို့ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားမေးမြန်းစုံစမ်းရာ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးနှုန်းအနေဖြင့် ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၄၀၀၀၊ CROWN အမှတ်တံဆိပ် 525 အမျိုးအစားတစ်အိတ်လျှင် ကျပ်၁၆၀၀၀၊ CROWN အမှတ်တံဆိပ် 425 အမျိုးအစား ဘိလပ်မြေတစ်အိတ်လျှင် ကျပ်၁၅၅၀၀တို့ဖြင့် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လတ်မှုမရှိကြောင်း၊ ကုန်ပစ္စည်းလက်ကျန်ရှိကြောင်း မေလ၊ တတိယအပတ်ထက် ဈေးနှုန်း အနည်းငယ်ထပ်မံကျဆင်းလျက်ရှိကြောင်းသိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)