Main menu

ကန့်ဘလူမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းရှိ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမှုများဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလ ၂၈ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်အတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး” ဆီစက်လုပ်ငန်းသို့သွားရောက်ကာ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းတွေ့ဆုံရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက ဒေသတွင်းစားသုံးဆီကုန်ကြမ်းထွက်ရှိမှု၊ ဆီစက်များ၏ ကုန်ချောထုတ်လုပ်မှုအခြေအနေများကိုမေးမြန်းခဲ့ရာ လုပ်ငန်းရှင်က ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာ စသည့်သီးနှံများအနက် မြေပဲသီးနှံကိုသာအများဆုံးစိုက်ပျိုးကြကြောင်း၊ ဒေသတွင်းဆီစက်များအနေဖြင့် နဝလီကြိတ်ခွဲကြသည့်အတွက် လာရောက်ကြိတ်ခွဲသူရှိမှသာ လည်ပတ်ရကြောင်း၊ မိမိတို့အနေဖြင့် ကုန်ကြမ်းများဝယ်ယူပြီး ကြိတ်ခွဲရောင်းချမှုမရှိကြောင်း၊ စက်ကြိတ်ခရသည့် မြေပဲဆီအနည်းငယ်ကိုသာ ပြန်လည်ရောင်းချပေးကြောင်း၊ နောင်တွင် ဈေးကွက်ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်ရောင်းချသွားရန် အစီအစဉ်ရှိကြောင်း၊ စားသုံးသူများအတွက် ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးပြည့်မီသော မြေပဲဆီများရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများတွင် ဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)