Main menu

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစိစစ်

Powered by Drupal

      ၂၀၂၄ခုနှစ်၊ မေလ(၂၈)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများအား ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

       အဆိုပါစားအုန်းဆီရောင်းချပေးရာတွင် စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၅၀ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းရောင်းချပေးခဲ့ပြီး ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ သတ်မှတ်နေရာများတွင် ပြည်သူ(၁၉၇၃)ဦးအတွက် စားအုန်းဆီ ၁၉၇၃ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)