![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1_97.jpg?itok=PAamrss3)
ယခုရာသီများထဲတွင် လူကြိုက်အများဆုံးအသီးဖြစ်သည့် ပိန္နဲသီးများကို ပဲခူးတိုင်းတွင် စိုက်ပျိုးရောင်းချနေပြီဖြစ်သည်။ ပိန္နဲသီးများကို ပဲခူးမြို့အနီးရှိ ကျေးရွာများမှ ပဲခူးမြို့ပေါ်စျေးများသို့ လာရောက်ရောင်းချကြသည်။ ပိန္နဲသီးကို မှည့်မှည်ချိုချိုလေးမှ စားလို့ရခြင်းမဟုတ်၊ ခပ်နုနုအရွယ် အစိမ်းမှာတင် အစိမ်းလိုက်လှီး အစေးထွက်အောင် ရေစိမ်၍ အတို့အမြှုပ်အနေနဲ့ ပြုတ်စားလို့ရသလို အတုံးလေးတွေ တုံးပြီး ချက်စားလို့လည်းရကြောင်း သိရှိရပါသည်။
ပိန္နဲသီးသည် B2, B3, B6, B9 နှင့် အမျှင်ဓာတ်များပါဝင်သော အသီးတစ်မျိုးဖြစ်သည်။ ပိန္နဲသီးစားခြင်းဖြင့် သွေးတွင်း ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အထောက်အကူပြုကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။
၂၀၂၄ ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် ရောင်းချသောစျေးနှုန်းအနေဖြင့် ပိန္နဲသီးတစ်လုံးလျှင် ကျပ် ၂၅၀၀ မှ ကျပ် ၁၂၀၀၀ အထိရောင်းချကြောင်း သိရသည်။
DOCA(ပဲခူး)