Main menu

Top Winner Co.,Ltd အား ဌာနဆိုင်ရာအဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်  စသည့်ဌာနများပူးပေါင်း၍ ၂၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂း၃၀) နာရီအချိန်တွင်  အမှတ် (25)၊ အလယ်ဘလောက်၊ ပထမထပ်၊ (၅၂) လမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ Top Winner Co.,Ltd မှ ဒါရိုက်တာ ဒေါက်တာရွှေစင်ဝင်းနှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီတွင် ဆေး(8)မျိုးရှိပြီး၊ သွေးတိုးကျဆေး၊ အအန်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကိုယ်ခံအားကောင်းဆေးများဖြစ်ပြီး အဆိုပါ ဆေးများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)