ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဉီးစီးဌာနမှဦးဆောင်၍ စဉ့်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၂၇-၅-၂၀၂၄)ရက်နေ့တွင် စဉ့်ကိုင်မြို့၊မြို့မစျေးအတွင်းရှိ လူသုံးကုန်နှင့်စားသောက်ကုန်များရောင်းချသည့်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင်စဉ့်ကိုင် မြို့နယ်တာဝန်ခံစစ်ဆေးရေးအရာရှိမှ ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် လူသုံးကုန်နှင့် စားသောက်ကုန်များရောင်းချသည့်အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့်၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော(၂/၂၀၁၉)ပါ ကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့်ညွှန်ကြားချက်များကိုပြည့်စုံမှန်ကန်စွာဖော်ပြလိုက်နာ ဆောင်ရွက်သွားရန် လူသုံးကုန်နှင့်စားသောက်ကုန်ရောင်းချသည့်အရောင်းဆိုင်များမှလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချသွားရန်၊ စားသုံဆီ အရောင်းဆိုင်များအနေဖြင့် စားသုံးဆီများရောင်းချရာတွင် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချကြရန် ဘူးသွပ်ဆီများရောင်းချရာတွင် FDA ထောက်ခံချက်ရရှိသော ဘူးသွပ်ဆီများကိုသာရောင်းချသွားရန်နှင့် ရောနှောဆီများကိုရောင်းချသည်ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် သက်ဆိုင်ရာဌာနများမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီထုတ်လုပ်ရောင်းချသွားရန် မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(မန္တလေး)