ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်တို့ပူးပေါင်း၍ ၂၈-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၁း၃၀) နာရီအချိန်တွင် အမှတ် (15)၊ မြေညီထပ်၊ ဗိုလ်တထောင်မြို့နယ်ရှိ Alpha Mat Co.,Ltd မှ ဒါရိုက်တာ ဒေါ်ထက်ဝေနိုင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးနှင့်ဆေးဆက်စပ်ပစ္စည်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီတွင် ဆေးပစ္စည်း(၄)မျိုးရှိပြီး အဆိုပါဆေးပစ္စည်းများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)