Main menu

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်

Powered by Drupal

    ၃၀.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ်၊ မေလအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း(၈)ဦး၊ အမှုထမ်း(၂၆)ဦး၊ စုစုပေါင်း (၃၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  ပထမဦးစွာ ပြည်နယ်ဦးစီးမှူးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံများက မေလအတွင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအားကျင်းပခဲ့ရာ ဝန်ထမ်းများမှအခက်အခဲများအား တင်ပြခဲ့ပြီး ပြည်နယ်ဦးစီးမှူးက တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် Commerce Journal တွင် သတင်း/ ဆောင်းပါးရေးသားဖော်ပြခြင်းခံရသည့် ဝန်ထမ်းများအားဆုချီးမြှင့်ခဲ့ပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအား နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)