စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုင်ပိုင်ခွင့်အခွင့်အရေးများကို သိရှိနားလည်၍ နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလအတွင်း ကန့်ဘလူမြို့ “မြို့မဈေး” ရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များကိုလည်းကောင်း၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ခေတ်ကြိုက်” သောက်ရေသန့်စက်ရုံဝန်ထမ်းမျာအားလည်းကောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ဟောပြောပွဲ၌ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလည်းကောင်း သိရှိနားလည်းထားရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်များတွင်ဖွင့်လှစ်ထားသည့် (CICC) များမှတစ်ဆင့်လည်းကောင်း၊ Consumer Call Center No. (1535) ကိုခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)