Main menu

ကန့်ဘလူခရိုင်၏ မေလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEs လုပ်ငန်းများ၏လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ မေလအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်စားရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြသဇင်” မုန့်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း၊ ဌာနအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အထက်အဆင့်ဆင့်သို့တင်ပြခဲ့ရာ ကိုက်ညီမှုရှိကာ အတည်ပြုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “နှင်းမိုးလှိုင်” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကိုအတည်ပြုပေးနိုင်ရေး အထက်အဆင့်ဆင့်သို့တင်ပြပေးနိုင်ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်တာဝန်ခံသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး” ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)