Main menu

မြောင်းမြမြို့နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)မှ အထူးဈေးနှုန်းဖြင့် စားသုံးဆီရောင်းချမှု ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးသန့်ဇင်နှင့် မြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ) အတွင်းရေးမှူး ဦးညီညီအောင်နှင့်အတူ (၂၂.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီတွင် မြောင်းမြမြို့ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)၊ အောင်ဇဗ္ဗူဆီဆိုင်တွင် စားသုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုကို သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစိစစ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် သုံးစွဲနိုင်ရေးအတွက် စား သုံးဆီများကို တတိယအကြိမ်ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပြီး၊ တိုင်းအသင်းမှ ခွဲဝေရရှိသည့် စားသုံးဆီ(၂၇၅၀)ပိဿာကို မြောင်းမြမြို့ (၅)လမ်းရှိ အောင်ဇဗ္ဗူဆီဆိုင်နှင့် မြို့မဈေးရှိ အောင်ဇဗ္ဗူဆီ ဆိုင်တို့တွင် စားသုံးဆီ(၁)ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိရာ ခရိုင်ဦးစီးမှူး နှင့်အဖွဲ့မှ ရောင်းချမှုပုံစံနှင့် အချိန်အတွယ်မှန်ကန်ရေးတို့အား ကွင်းဆင်းကြပ်မတ် စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)