Main menu

နှစ်ကြာမြင့်စွာ သိုလှောင်ထားသည့်ဆန်များ ထိုင်းနိုင်ငံမှတင်ပို့မည်ကို အာဖရိကနိုင်ငံများ စိုးရိမ်

Powered by Drupal

    အာဖရိကနိုင်ငံများမှ သံတမန်များသည် ထိုင်းနိုင်ငံ၌  ၁၀ နှစ်ကြာ သိုလှောင်ထားသော ဆန်များအား ၎င်းတို့နိုင်ငံများသို့ တင်ပို့မည်ဟူသော အစီရင်ခံစာများနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှု များ မြင့်တက်လာခဲ့သည်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရှိ တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသဆိုင်ရာ တာဝန်ခံအကြီးတန်းအရာရှိများနှင့် အာဖရိကသံတမန်များအကြား မကြာသေးမီက တွေ့ ဆုံမှုတွင် အဆိုပါကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့၏ စိုးရိမ်မှုများကို အလေးအနက်ထားပါကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များထံ ထပ်ဆင့်အသိပေး ပြောကြားမည်ဖြစ်ကြောင်းဖြင့် အဆိုပါဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ခုက Thai PBS World သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

     ဆယ်နှစ်သက်တမ်းရှိသော ဆန်များကို အာဖရိကသို့တင်ပို့မည့် ထိုင်းအစိုးရ၏ အစီအစဉ် နှင့်ပတ်သက်၍ ဘန်ကောက်ရှိ အာဖရိကသံတမန်များသည် ဒေသဆိုင်ရာ အာဏာပိုင်များထံမှ ရှင်းလင်းချက်များ တောင်းဆိုခဲ့သည်ဟု နိုင်ရိုဘီအခြေစိုက် Nation သတင်းဝက်ဘ်ဆိုက်က ဖော် ပြထားသည်။  အဆိုပါ သိုလှောင်ထားသည့် ဆန်များသည် ဝန်ကြီးချုပ်ယင်လပ် ဦးဆောင်သော အစိုးရလက်ထက်၌ အရှုပ်တော်ပုံဖြစ်ပွားခဲ့သည့် ဆန်အပေါင်ခံ အစီအစဉ်မှ လက်ကျန်ပစ္စည်း များဖြစ်သည်။ ယင်းအချက်သည် အာဖရိကသံတမန်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကြား ဆွေးနွေးခဲ့သည့် ပြဿနာများအနက် တစ်ခုပင်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုခဲ့သည်။

     ထိုင်းနိုင်ငံသည် ကင်ညာ၊ နိုင်ဂျီးရီးယားနှင့် တောင်အာဖရိက တို့အပါအဝင် အာဖရိက ဒေသတွင်းရှိ နိုင်ငံများစွာသို့ ဆန်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ခြင်းကြောင့် အာဖရိကသို့ အဆိုပါ ဆန်များရောင်းချရန် ဆုံးဖြတ်ချက်သည် စိုးရိမ်စရာဖြစ်သည်ဟု အာဖရိကသံတမန်များက ပြော ကြားကြောင်း၊ ဥပမာအားဖြင့် ကုလသမဂ္ဂ ကုန်သွယ်ရေး ကိန်းဂဏန်းများအရ ကင်ညာနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀.၄ သန်းခန့်ရှိသော ထိုင်းဆန်များကို ဝယ် ယူခဲ့ကြောင်း Nation သတင်းဌာနက ဖော်ပြခဲ့ပါသည်။

    နိုင်ဂျီးရီးယားရှိ အင်တာနက်သုံးစွဲသူများကလည်း ၁၀ နှစ်ကြာ သိုလှောင်ထားသော ဆန် များသည် အာဖရိကသို့ နောက်ဆုံးတွင်ရောက်ရှိလာပါက အထူးသဖြင့် နိုင်ဂျီးရီးယားသည် အစား အသောက် ဘေးကင်းလုံခြုံရေးနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ စစ်ဆေးမှုများကို အလေး အနက်ထားမှု အားနည်းသော နိုင်ငံဖြစ်သည့်အတွက် ပြည်သူများ၏ကျန်းမာရေးအပေါ် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

Source: Thai PBS World, 27 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)