ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး၊၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှု အဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူး ဦးဇေမောင်မောင်တို့ပါဝင်သောအဖွဲ့များသည် ၂၉-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV လစန္ဒာရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ကျောက်မှုန့်၊ အရက်၊ အထွေထွေစားသောက်ကုန်၊ လူသူံးကုန်မျိုးစုံများကိုတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့မှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့် အဆိုပါကုန်ပစ္စည်းများကို ကော့သောင်းမြို့နယ်သို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)