Main menu

ငါးလအတွင်း ဗီယက်နမ်၏ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၈ဘီလီယံရှိ

Powered by Drupal

      ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁၅၆.၇၇ဘီလီယံပမာဏတင်ပို့ခဲ့ပြီး ပြည်တွင်းသို့ အမေရိကန်ဒေါ်လာ ၁၄၈.၇၆ဘီလီယံ ပမာဏတင်သွင်းခဲ့ကာ ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၈.၀၁ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအထွေထွေစာရင်းအင်းရုံးက ၂၉-၅-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် တင်ပို့မှုပမာဏ ၁၅.၂ရာခိုင်နှုန်းနှင့် တင်သွင်းမှုပမာဏ ၁၈.၂ရာခိုင်နှုန်းသည် လွန်ခဲ့သည့်နှစ် ပထမ(၅)လတာထက်မြင့်တက်ခဲ့ကြောင်းသိရပါသည်။ တင်ပို့မှုပမာဏအနက် အမေရိကန်ဒေါ်လာ ၄၃.၆၉ဘီလီယံပမာဏမှာ ပြည်တွင်းအခန်းကဏ္ဍမှရရှိခဲ့ခြင်းဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၁၁၃.၀၈ဘီလီယံပမာဏသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှရရှိခဲ့ခြင်းဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၀.၅ရာခိုင်နှုန်းနှင့် ၁၃.၃ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရပါသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၃၇.၃၉ဘီလီယံပမာဏဖြင့် တင်ပို့မှုစုစုပေါင်း၏ ၈၇.၇ရာခိုင်နှုန်းရှိပြီး လောင်စာနှင့်သတ္တုတူးဖော်မှုမှ ၁.၃ရာခိုင်နှုန်း၊ လယ်ယာသစ်တောကဏ္ဍမှ ၈.၈ရာခိုင်နှုန်း၊ ငါးလုပ်ငန်းမှ ၂.၂ရာခိုင်နှုန်း ရရှိခဲ့ပါသည်။

       ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅၄.၉၅ဘီလီယံတင်သွင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ၉၃.၈၁ဘီလီယံပမာဏတင်သွင်းခဲ့ကြောင်းသိရပါသည်။ မတည်ကုန်ပစ္စည်း(Capital goods) တင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၉.၈၉ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ အမေရိကန်နိုင်ငံသည်  အမေရိကန်ဒေါ်လာ ၄၄ဘီလီယံဖြင့် အကြီးမားဆုံးတင်ပို့သည့် ဈေးကွက်ဖြစ်ပြီး တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၄.၉ဘီလီယံဖြင့် အဓိကတင်သွင်းသည့်နိုင်ငံဖြစ်ကြောင်းသိရပါသည်။

       ကုန်သွယ်ရေးပိုငွေအနေဖြင့် အမေရိကန်ကို အမေရိကန်ဒေါ်လာ ၃၈.၁ဘီလီယံ၊ ဥရောပသမဂ္ဂကို အမေရိကန်ဒေါ်လာ ၁၄.၃ဘီလီယံနှင့် ဂျပန်ကို အမေရိကန်ဒေါ်လာ ၂၉၀သန်းရရှိခဲ့ ကြောင်းသိရပါသည်။ သို့သော် တရုတ်ထံမှ အမေရိကန်ဒေါ်လာ ၃၂.၃ဘီလီယံ၊ တောင်ကိုရီးယားထံမှ အမေရိကန်ဒေါ်လာ ၁၁.၁ဘီလီယံ၊ အာဆီယံထံမှ အမေရိကန်‌ဒေါ်လာ ၄.၂ဘီလီယံ ကုန်သွယ်ရေးလိုငွေပြခဲ့ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)